Tuesday, July 22, 2008

အချစ်ဒဏ်ခတ်ခြင်း

Download Here!

မယူချင်ဘူး တမ်းတခြင်း ခါးသီးလွန်းတဲ့အချစ်
မလိုချင်မိခဲ့ စိတ်ကိုလည်း အချစ်ဒဏ်ခတ်လို့ထားခဲ့ခြင်းပဲ
မယူချင်ဘူး မင်းမျက်လုံး အရောင်တွေထည့်ထားတယ်
မငြိမ်သက်လွန်းတဲ့စိတ်လည်း အဓိပါယ်များလွန်း များလွန်းခဲ့

မချစ်တော့ဘူး မချစ်တော့ဘူး အချစ်တွေမရှိတော့ဘူး
မချစ်တော့ဘူး အလွမ်းများ ပျောက်ကွယ်သွားကုန်ပြီ

မယူချင်ဘူး နှုတ်ခမ်းဖျားစကား အခြားတယောက်မင်းပြောလိုက်
စုစည်းမှူ ပျောက်ကွယ်သွား အသည်းဟာ အေးခဲ လွင့်ထွက်သွား
ဘာမှမချစ်တော့ဘူး

မယူချင်ဘူး မင်းနှုတ်ခမ်းများ အရောင်တွေ ထည့်ထားတယ်
မလိုချင်ပြေးထွက် အသည်းကိုလည်း အချစ်ဒဏ်ခတ်လို့ထားခြင်းပဲ

လိုချင်တာဟာ တွဲလက် မရောရာတဲ့အချစ်နဲ့ ဝေးသွားဖို့
မလိုချင်တာဟာ အမုန်းပဲ ၇င်ကိုခွဲပြီး မနေချင်လို့
မရှိတော့ဘူးလို့ ဆုံးဖြတ်ထား အချစ်များ ပြေစေနိုင်ဖို့
မချစ်ခဲ့ဖူးတဲ့ အချစ်စိတ်ရူး မယူချင်ဘူး အလွမ်းစိတ်တို့

No comments: