Monday, July 21, 2008

အလွမ်းကဗျာရှည်

Download Here!

အလွမ်း..ကဗျာလေးပဲ
အလွမ်း .. ကဗျာရှည်ဟာမဆုံးဘူး
အနမ်းတခုလည်း ကြွေကျသွား ကိုယ့်ရင်ထဲ
အဆုံးမရှိ ကျိန်စာများ ရွတ်ဆိုဆဲ
အမြဲသိမ်းထား ရင်ခုန်သံ ကာရံလေးများ
အရင်လိုပဲပေါ့ ပြန်ရှာဖွေ ကိုယ်ဟာ ရူးမိုက်
မရှိတော့ဘူး အမှန်တရား တွေးလေ ဝေး
အနမ်းတခုလည်း ကြွေကျသွား ကိုယ့်ရင်ထဲ

တစုံတရာဟာ အစားထိုးမလား
ကိုယ်ဟာ အကြိမ်ကြိမ်ရူး
ဒီဘဝကြီးထဲ အကုန်ပြည့်စုံလည်းမထူးဘူး
လိုချင်တာ ရွေးပြီးသား ကြင်နာသူ မေပဲ
ကိုယ်ပြတ်သားခဲ့ မင်းကိုတမ်းတဆဲ
အို ဘေဘီ မင်းလေးကဗျာရှည်လေးပဲ

အလွမ်းများ မလိုချင်ပါအချစ်ရေ
အလွမ်းမျာ ကျိန်စာလို ကိုယ့်အတွေးများ
မင်းလေးပြန်လာမလား စောင့်နေဆဲ
တို့ဘဝပြန်ရှာဖွေဆဲ မင်းလက်ထဲ

1 comment:

Anonymous said...

မင်းသာ ငါ့ ချစ်သူလေးဆို....
ငါ မှာလည်းဝင်ငွေ ကောင်းတဲ့ ကုမ္မဏီကြီးရှိမယ်ဆို
မင်းကို....
ငါကိုယ်တိုင်မောင်း မယ့် ကားနဘေး မှာ ထိုင်စေမယ်
မင်း ၀တ်မယ့် အ၀တ်အစားတွေ ကို ငါကိုယ်တိုင်
ရွေးဝယ်မယ် ......
မင်း က ငါ့ပင်ပန်း တဲ့ အခါ ငါ့အတွက်
ဂီတာလေး တီးပြီး သီချင်းဆိုပေးပါ........
ဒါပေမယ့်.............
မင်းကလည်း ငါ့ ချစ်သူ မဟုတ် သလို
ငါ့ မှာလည်း ၀င်ငွေ ကောင်းတဲ့ ကုမ္မဏီ လည်း
မရှိဘူး ................
မင်း နဲ့ ငါ့ ရဲ့ ကြား မှာ ပါး လွှာတဲ့
ဖန်သားပြင် ခြားနေတယ် ........
ထာဝရ အောင် မြင်ပါစေ......