Tuesday, July 22, 2008

အနေချင်ဆုံး

Download Here!
မင်းအနားမှာ နေချင်သေးတယ်
မင်းအနားမှာ ပျော်ချင်သေးတယ်
Oh baby ....
အချိုဆုံးမင်းရဲ့ အပြုံးလေး စိမ့်ဝင်
ဘ၀ကို ဖြည့်ဆည်း

မင်းအနားမှာ နေချင်သေးတယ်
မင်းအနားမှာ နေချင်တုန်းပဲ
အို တို့ရဲ့နှလုံးသားလေး
ရင်ထဲက ဆွဲထုတ်လို့
ဒီဘ၀ကို ချန်ခဲ့တယ်

အိုးး မင်းမရှိရင် မပျော်ဘူး
တို့ဘ၀က အဆင်မပြေဘူး
နေလို့မကောင်းဘူး
မင်း အနားပဲ နေချင်ဆုံးပဲ

ဒါ ရင်ထဲက စကားလေးတွေ
မပြောင်းလဲ ချစ်သူလေးရေ
မပျက်ပြယ်ဘူး

ငါတို့ စွဲလန်းခြင်းနဲ့ အသက်ရှင်မယ်
အချစ်လေး တို့ရဲ့အဖြစ်က မေ့ရန်မလွယ်
အတူတွဲလျက်ရှိနေမယ်
တစ်ယောက်ထဲ မနေချင်ဘူး

မင်းလေးသာ ဘ၀သတ်မှတ်လိုက်
အကြင်နာများ စာနာ ဖြည့်စွမ်းတဲ့အခိုက်
Oh baby ....
အချိုဆုံးမင်းရဲ့ အပြုံးလေးတွေ
ရင်ကို စီးဝင် နစ်မျောသွား

အတူရှိခဲ့ရင် ပျော်မလား
ဒီဘ၀က အဆင်ပြေသွား
အဝေးကို ပြန်ထွက်မသွားနဲ့

ဒီအတိုင်း အနေချင်ဆုံးပဲ

ဒါ ရင်ထဲက စကားလေးတွေ
မပြောင်းလဲ ချစ်သူလေးရေ
မပျက်ပြယ်ဘူး

ငါတို့ စွဲလန်းခြင်းနဲ့ အသက်ရှင်မယ်
အချစ်လေး တို့ရဲ့အဖြစ်က မေ့ရန်မလွယ်
အတူတွဲလို့ရှိနေမယ် အချစ် မနေခဲ့နဲ့

မင်းအနားပဲ အနေချင်ဆုံးလေး ...
မင်းအနားက အဝေးမသွားနိုင်ပါ ...

No comments: