Tuesday, July 22, 2008

အမည်ရင်း = စိုင်းဟန်ထွန်း
မွေးရပ် = မိုင်းပွန် (ရှမ်းပြည်တောင်ပိုင်း)
လူမျိုး = ရှမ်း (ဗုဒ္ဓဘာသာ)
အကြိုက်ဆုံးတူရိယာ = ဂီတာ
အကြိုက်ဆုံးသီချင်းရေးဆရာ = စိုင်းခမ်းလိတ်
အကြိုက်ဆုံး Music = Rock
အကြိုက်ဆုံး Band = IC
အကြိုက်ဆုံး Player = ချစ်စမ်းမောင် (IC)
အကြိုက်ဆုံးအဆိုတော် = ထူးအိမ်သင် လေးဖြူ အငဲ

၁၉၉၇ မှာ တစ်ကိုယ်တော် အိပ်မက်ယန္တရား ဆိုတဲ့ အခွေထွက်ရှိခဲ့တယ်
မဒီနဲ့ဆုံမှတ်များ အခွေမှာလည်း လမ်းခွဲစကား ဆိုတဲ့စုံတွဲသီချင်းမှာပါဝင်ခဲ့ဖူးတယ်
၂၀၀၀ မှာ နွေရာသီဇာတ်လမ်းမှာ လည်း မီမီဝင်ဖေ ပိုးရည် တို့နဲ့အတူ စုံတွဲတေးတွေရှိခဲ့တယ်
၂၀၀၂ မှာ အနှစ်နှစ်ဆယ်ကျေးလက်သီချင်းများ စုစည်းခြင်း စီးရီးမှာ လည်း ပါဝင်ခဲ့ဖူးတယ် မြတ်နိုးခြင်းမိုးတိမ်အခွေမှာ သီဆိုခဲ့တယ်
RedCard(မိန်းမ) ဆိုတဲ့အခွေ မှာလည်း နောက်ဆုံးထိ ဆိုတဲ့သီချင်းလေးကို သီဆိုဖူးတယ်
အများသုံးဘာသာစကား စီးရီးမှာလည်းပါဝင်သီဆိုဖူးတယ်
အာဇာနည်ရဲ့ စည်းတဖက်ခြားမှာလည်း ချစ်သူလမ်း ဆိုတဲ့သီချင်းမှာ အတွဲသီဆိုခဲ့တယ်
TopTen 2 ထဲမှာလည်း ပထမစီးရီးထဲက အလွမ်းကဗျာရှည် ကိုသီဆိုထားပါတယ်
ခွင့်ပြုတယ် ခွင့်လွှတ်တယ် ဆိုတဲ့ အခွေမှာလည်း ၃ယောက်တွဲတပုဒ်နှင့် အတိတ်ရင်ခွင်ဆိုတဲ့သီချင်းကိုသီဆိုထားပါတယ်
၂၀၀၇ မှာ ဒုတိယတကိုယ်တော် ရှိနေမယ် ထွက်ရှိခဲ့ပါတယ်။
အောက်တိုဘာ ၅ ၂၀၀၈ မှာ စင်ကာပူမှာ တောင်ကြီးအမှတ်တယပွဲမှာလည်း သွားေ၇ာက်ဖျော်ဖြေခဲ့ပါတယ်။
အောက်တိုဘာ ၁၄ ၂၀၀၈ မှာ ရှိနေမယ် VCD/DVDထွက်ခဲ့ပါတယ်။

ဘေဘီအိမ်ကိုပြန်တော့နော် ဆိုတဲ့စာသားလေးကို ဟိုးအရင်ကတည်းက လူတွေတော်တော်များများ သတိထားမိခဲ့ကြပါတယ်။ အခုတော့ ရှိနေမယ်ဆိုတဲ့ စီးရီးနဲ့ ပရိသတ်ရဲ့ အားပေးမှူ ရရှိနေပြီဖြစ်ပါတယ်။ များသောအားဖြင့် စုံတွဲသီချင်းများနဲ့ အတွဲခွေများမှာတွေ့နိုင်ပါတယ်။
ခုချိန်မှာ ဟန်ထွန်းရဲ့ ပရိသတ်တွေ အများကြီး ရှိနေမယ်လို့ ထင်ပါတယ်။
ဟန်ထွန်းကို သိတဲ့ လူရော၊ မသိတဲ့လူတွေအတွက် ဟန်ထွန်းသီးသန့် ဘလော့လေး တခုလုပ်ပြီး ရှာဖွေထားတဲ့ သူ့ အခွေတွေနဲ့ အတူ တခြားခွေတွေထဲက သူ့သီချင်းလေးတွေကိုပါ စာသားတွေနဲ့အတူတူ စုစည်းပေးထားပါတယ်။ ဟန်ထွန်းရဲ့ ပြည်တွင်းပြည်ပမှ ပရိတ်သတ်များအတွက် ရည်ရွယ်ပြုလုပ်ထားတာဖြစ်လို့ Business မလုပ်ဖို့တော့ တောင်းဆိုချင်ပါတယ်။ဟန်ထွန်းကိုအားပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်
ယခုထွက်ရှိနေပြီဖြစ်တဲ့ ရှိနေမယ် VCD DVD ကိုလည်းအားပေးကြပါလို့...။

အိပ်မက်ယန္တရား
ရှိနေမယ်
ဟန်ထွန်းနှင့်စုံတွဲသီချင်းများ
ဟန်ထွန်းရဲ့တခြားသီချင်းများ
ဓါတ်ပုံများ
Youtube Video

Who is Han Tun?
ရှိနေမယ် Album Review
ဟန်ထွန်းနဲ့ Interview

No comments: