Tuesday, July 22, 2008

အဆိပ်တောနက်

Download Here!

ပျောက်ဆုံးလို့သွားတဲ့ ညရဲ့ဝိညာဉ် သွေးကြောင်လို့နေဆဲ
အဆိပ်သင့်တဲ့ နေ့ရက်များရယ် ငါ့ကမ္ဘာထဲကို ဝင်ရောက်ခဲ့
ကွဲအက်တဲ့သီချင်းသံနဲ့ ငါ့မှာအမုန်းတွေ ပြည့်လျှံဆဲ
အလွမ်းများနဲ့ရေးတဲ့ငါ့ကဗျာ အချစ်လက်ထဲမှာ ကြေမွသွားခဲ့

အလင်းမရှိတဲ့အတွေးတွေ မည်းမှောင် ခရီးနှင်လို့နေခိုက်
ချည့်နဲ့တဲ့ အတိတ်တစ္ဆေများ အရိပ်လိုငြိတွယ် အိမ်မက်ထဲ
အက်ဆစ်နဲ့ရောစပ်ထားတဲ့ ယစ်ရည်ခွက်ကို သောက်ရသလိုပဲ
ပြင်းရှတဲ့သောကများမှာ ငါ့ရင်ထဲမှာ လှိုက်စားကြ

စိတ်တ္တဇနေ့ည ဘယ်လိုရင်ဆိုင်ကူးဖြတ်မလဲ
တင်းထားတဲ့ စိတ်ဓါတ်လဲပြို ကျဆုံးခြင်း မြေပြင်ပေါ်
ဖေးမမယ့် မင်းရဲ့လက်တွေ ရှောင်ဖယ်သွားခဲ့ ဟိုအဝေး
ပြောင်းလဲတဲ့ လှည့်ကွက်နဲ့အတူ နင်ယူသွားခဲ့ အိမ်မက်နေ့

No comments: