Tuesday, July 22, 2008

ပြိုလဲသောအနာဂတ်

Download Here

အမုန်းတခုက မီးလို ပူလောင်ခြင်း ဒုက္ခနဲ့ညနက်ထဲ
လအရိပ်တွေရှိလည်း မျှော်လင့်ခြင်း မည်းမှောင်သွားခဲ့ပြီ
မင်းထားခဲ့အချစ် အရည်ပျော်ပြီ ခိုင်မြဲသော လက်တို့ဝေးစေခဲ့
သိပ်လှတဲ့ နှုတ်ခမ်းများရယ် ရင်ကိုချေနင်း ငါ့အသည်းများ ကွဲအက်သွား
အိုး...လှပသော နှုတ်ခမ်းရယ် ခါးသီးတဲ့အမုန်းတွေနဲ့
နင်အသုံးချခဲ့ခြင်းလား ရည်ရွယ်ရာလမ်းထက်

ထားခဲ့တဲ့အချစ်တွေပြိုလဲ
အနာဂတ်သစ်တို့ကြေကွဲ (ကြွေခဲ့)
အို..အခါးဆုံးရဲ့ အခါးဆုံးတွေပဲ ပုံပြင်တွေယုံမိခဲ့

မင်းကတိတွေ နောက်ကွယ် ဘယ်လိုစမ်းသပ်အသည်းခွဲတုံး
မင်းမျက်လုံးထဲ ပျောက်ကွယ်မှာလည်း ချစ်ခြင်းတို့ မတွေးမိတော့
မိုးကြိုးလိုခြိမ်း ငါမလိုချင်ဘူး နင်အပြောင်းအလဲများလွန်းတော့
မျှော်လင့်ချက်တို့ ရက်စက်ဆုံးနင်းချေ
ပြိုလဲသော မင်းအချစ်များ အိုအသည်းခွဲသွားဝေး
ဇာတ်လမ်းတို့ဆုံးပြီလေ တို့ဝေးမယ့်အဖြေများနဲ့ ရည်ရွယ်ရာလမ်းထက်

No comments: