Monday, July 21, 2008

ယုံကြည်တဲ့ခရီး

Download Here!

ဒဏ်ရာတွေထွေးပွေ့လို့ ညတစ်ခု စီးဆင်းနေတုန်း
အသက်မဲ့တဲ့ အိပ်မက် ခရီးတဝက်မှာ ထားရစ်ခဲ့ဦး
တွေဝေရင် ဝေးပြီ ဝေးပြီ ဟိုး တို့ရဲ့ ရှေ့ဆက်လမ်း
ရောင်နီကို ယုံကြည်ရင် မှောင်နေတဲ့လမ်းကျဉ်းထဲက ပြေးထွက်

အနာဂတ်တံခါးများကို တွန်းဖွင့်လို့သွားမယ် ရှေ့ခရီးဆုံး
အမှောင်ရဲ့တံတိုင်းများ ဖြတ်သန်းလို့ အဝေးဆုံးထိ
ဖြတ်ကျော်ရင်းပေါ့
(ဒါ ငါ့ရဲ့သွေးများ ငါယုံကြည်သောလမ်း)

အငြိုးကြီး ဒဏ်ရာတွေရုန်းထွက် သွေးပျက်သောလှိုင်း
ဒီအတိုင်းပဲ နေရင် ခါးသီးတဲ့နေ့ညတွေဖြတ်
အတွေးအခေါ်ဟောင်းတွေ ဦးနှောက်က ဖောက်ထုတ်လိုက်စမ်း
ခြေလှမ်းများ ယုံကြည်ဆက်သွားမယ့် ကမ္ဘာဆီပြေး

ထိုးဖောက်မယ်လေ သန်းခေါင်ယံကောက်ကြောင်းဝေး
ခရီးတွေကြမ်းပါစေ အသွေးအသား ဆောင်ယူစီးဆင်းနေ
အသက်မဲ့တဲ့ အိပ်မက်ဝေး

အနာဂတ်တံခါးများကို တွန်းဖွင့် ယုံကြည်ရာ ဖြတ်သန်းလို့
အမှောင်ရဲ့တံတိုင်းများ ဖြတ်ကျော်လို့ ဆက်ပြီး

No comments: