Monday, July 21, 2008

ကိုယ်တိုင်ပျော်ဝင်ဖူးသောည

Download Here!

ငါပင်လယ်ထဲမှာ ရေငတ်ခဲ့ခြင်း
စုန်ဆန်မျောပါ ကျော်ဖြတ်ခဲ့ရချိန်လေး
ဘယ်သူ ကယ်တင်မလဲ မင်းမရှိချိန် ခြောက်ကပ်လို့
ကိုယ်တိုင်ပျော်ဝင်ဖူးသော အရောင်တွေစွန်းခဲ့တဲ့ည

ဘယ်မှာခိုလှုံပုန်းနေ ဒီညရဲ့အလှ
ငါရှာဖွေဆဲမှာ လမင်းကြီးက ကွယ်သွား
အချိန်မဟုတ်လည်း ပြင်ဆင်ထားဖို့ အခွင့်တောင်မရ
ကိုယ်တိုင်ပျော်ဝင်ဖူးသော အရောင်တွေစွန်းတဲ့ည

အရောင်တွေစွန်းခဲ့တဲ့ည ကိုယ်တိုင်ပျော်ဝင်လို့သွား
အရောင်တွေထင်ကျန်နေဆဲမှာ နောက်ဆုံးကတိတို့ပျက်သွား
အရောင်တွေစွန်းခဲ့တဲ့ည

ကိုယ်တိုင်ရှာဖွေ ဒီညများ အရောင်တွေထင်ကျန်ပျော်ဝင်သွား

ပူလောင်ဒီညထဲမှာ နေခဲ့တော့မင်း
တော်ပြီ ပူလောင်အနမ်းတွေ အချစ်လေးတို့ မရချင်ဘူး
ကြိုတင်ပြင်ဆင်ဖို့ ငါ့အသိဥဏ်ပါးပါးလေး ရေး
ဝေခွဲမဆုံးဖြတ်နိုင်သော အရောင်တွေစွန်းခဲ့တဲ့ည ရေး

အရောင်တွေပေကျံစွန်းထင်သော ညများပြီးဆုံးပြီလား
ကိုယ်တိုင်ရှာဖွေနေဆဲမှာ ဆိတ်ငြိမ်လှည့်စား
နှလုံးသားစွန်းပေတဲ့ည ကိုယ်တိုင်ရှာဖွေဒီညများ
အရောင်တွေ ထင်ကျန်ပျော်ဝင်သွား

No comments: