Monday, July 21, 2008

လွမ်းလို့မဆုံး

Download Here

ပြန်ဆုံချိန်မင်းအနားကို လှမ်းလာမယ့်
ရင်ခုန်သံ မဆုံးသေးပါ ဖြတ်သန်းဆဲ
ခြေသံများ လှမ်းခဲ့ ဘဝခရီးထဲမှာ

ငါဟာဟိုးအဝေးမှာ ဆွေးနေမိ
ငါလေတယောက်တည်း မင်းရဲ့အကြောင်းပဲတွေး
ပုံပြင်အသစ်လေးရေးစို့ အချစ်လေး ရေးပါ အိုး

ယုံကြည်လို့ထား မနွမ်းတဲ့ အနမ်းများ
ကြင်နာသူမင်း မျှော်နေဦး
တိမ်ရောင်စုံထဲ လင်းမယ့်အလွမ်းများ
ပြန်ဆုံစေသား လွမ်းလို့မဆုံး
တို့လွမ်းလို့မဆုံး တို့လွမ်းလို့မဆုံး

ရာသီအိမ် အကျဉ်းထဲမှာလွင့်နေခဲ့
အို လွတ်မြောက်ခြင်းအတွက် လှမ်းလျှောက်ဆဲ
ကြိုနေဦး အချစ်ရဲ့ အိမ်မက်ပေးပါ
ဆိုလာမယ့် တေးသစ်တွေ နားဆင်ကြည့်
ရှေ့ဆက်မယ့် ခရီးသွားမယ် အားအင်ရှိ
ယုံကြည်ချက် မဆုံးတဲ့ခြေလှမ်း ဆက်ခဲ့ပါ အိုး

အကြင်နာအချစ်များ ငါ့အတွက်သိမ်းထား
ယုံကြည်သူ မင်း မျှော်နေဦး
တိမ်ရောင်စုံထဲ လင်းမယ့်အလွမ်းတွက်
ပျောက်ဆုံးသွားတယ် လွမ်းလို့မဆုံး

ချည်နှောင်နေ လွမ်းလို့မဆုံး
ယုံကြည်လို့ထား လွမ်းလို့မဆုံး
ကြင်နာသူမင်းမျှော်နေဦး
တိမ်ရောင်စုံထဲ လင်းမယ့်အလွမ်း
မင်းတယောက်ကို တို့လွမ်းလို့မဆုံး

No comments: